K-Nearest Neighbors Algorithm အကြောင်း
K-Nearest Neighbors Algorithm အကြောင်း KNN Alogrithm ဆိုတာက လွယ်ကူတယ်၊ ရိုးရှင်းတယ် ပြီးတော့ supervised learning မှာသုံးတဲ့ algorithm တစ်မျိုးဖြစ်ပါတယ်။ KNN ကို Classification problems တွေနဲ့ Regression problems တွေမှာတွေ့ရတတ်ပါတယ်။ Supervised Learning အကြောင်းတစေ့တစောင်း Supervised Learning ဆိုတာ Unsupervised Learning ရဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ Label တပ်ထားတဲ့ data တွေကိုစက်ကိုနားလည်အောင်သင်ပေးတာ ဖြစ်ပါတယ်။ ဉပမ- ကျွန်တော်တို့ငယ်ငယ်က မိဘတွေက ခွေးပုံလေးတွေ ဝက်ပုံလေးတွေကို ဒါခွေးဖြစ်ပါတယ်၊ ဒါဝက်ဖြစ်ပါတယ် ဆိုပြီး သင်ကြားပေးခဲ့ပါတယ်။ ဒါဟာ supervised learning ရဲ့ နမူနာတစ်ခုဖြစ်ပါတယ်။ အဲ့လိုသင်ပေးလိုက်တော့ ကျွန်တော်တို့က ခွေးကိုမြင်ရင် "ခွေး" ဆိုပြီး သိလာခဲ့ပါတယ်။ စက်ကိုသင်ပေးရာမှာလည်း ထိုနည်းပါပဲ။ pig Classification problem Classification problem တွေမှာက တိကျတဲ့ အဖြေတွေပါရှိပါတယ်။ ဉပမာ - pizza ပေါ်မှာ နံနတ်သီးထည့်တာ ကြိုက်လေ့ရှိတဲ့ အသက်အရွယ်ကို survey ကောက်ပီး စမ်းသပ်ကြည့်တာပေါ့။ ဒါက classification problem ဖြစ်တာကြောင့် တိကျတဲ့ output ပဲထွက်လာမှာဖြစ်ပါတယ်။ ကြားထဲက မသေချာတဲ့ အဖြေတေ...